Travel

မဖြစ်နိုင်တဲ့အရာတွေ ……

🌹 ကိုယ်ဖြစ်ချင်တဲ့အတိုင်း ရှင်သန်ခွင့် မရှိခင်မှာ
“သည်းခံ ခြင်း”ကို လက်ကိုင်ထားပါ။
ဖြစ်ချင်တာ ဖြစ်လာခွင့်ရတဲ့ တနေ့
သည်းခံခြင်းအကျိုးကို ခံစားရလိမ့်မယ်။
🌹 ကိုယ့်ရည်မှန်းချက်တွေ အကောင်အထည်မပေါ်ခင်မှာ
“ကြိုးစားအားထုတ်ခြင်း”ကို လက်ကိုင်ထားပါ။
ရည်မှန်းချက် ပြီးမြောက်လာတဲ့ တနေ့
ကြိုးစားခဲ့ခြင်း အကျိုးကို ခံစားရလိမ့်မယ်။
🌹 ကိုယ်ချစ်ရတဲ့သူကို ပိုင်ဆိုင်ခွင့်မရခင်မှာ
“ ပေးဆပ်ခြင်း” ကို လက်ကိုင်ထားပါ။
အချစ်စစ်နဲ့ မေတ္တာကို နားလည်လာတဲ့တနေ့
ပေးဆပ်ခဲ့ခြင်း အကျိုးကို ခံစားရလိမ့်မယ်။
🦋ဘဝမှာ ဆုံးရှုံးရခြင်းတွေနဲ့ပဲ တွေ့ကြုံနေရတယ်ဆိုရင်
အသက်ရှင်မယ် ဆိုတဲ့ ရွေးချယ်မှုကိုသာ ရွေးချယ်ပါ။
🦋 အသက်ရှိနေသမျှ အောင်မြင်ရခြင်းအခွင့်အရေးကို ပြန်လည်ရရှိနိုင်ပါတယ်။
ချစ်တဲ့ ကြည်ကြည်

Leave a Comment

Your email address will not be published. Required fields are marked *

*