ကျွန်မ လှည်းတန်းက မိန်းကလေးအဆောင်တခုရဲ့ စုပေါင်းအခန်းမှာနေပါတယ်။ ပိုင်ဆိုင်တာဆိုလို့ ထမင်းပေါင်းအိုးလေး တလုံးနဲ့ အဝတ်အစားအိတ်လေးတလုံးပါပဲ။ ဆယ်တန်းအောင်ထားတဲ့အရည်အချင်းနဲ့ နိုင်ငံခြားအိပ်မက်အတွက်ရန်ကုန်ကို အခြေချလာတဲ့ကြည်ကြည်ပါ။
အလုပ်လုပ်တယ်။ အားကစားလေ့ကျင့်ခန်းဆင်းတယ်။ ထမင်းပေါင်းအိုးထဲ ထမင်းချက်ရင်းကြက်ဥပါထည့်ပြုတ်ထားတာကိုစားတယ်။ ရန်ကုန်ဘူတာကြီးနားကထမင်းဆိုင်လေးတွေက ကျမရဲ့ဝမ်းတထွာဖြေရှင်းရာနေရာတွေဖြစ်ခဲ့ဖူးပါတယ်။
အားကစားသင်တန်းတက်ခွင့်ရတယ်။ တက္ကသိုလ်ပညာဆည်းပူးခွင့်ရတယ်။ ဝန်ကြီးဌာနအားကစားသမားအဖြစ်ကျောတခင်းစာနေရာလေးနဲ့ လခစားဝန်ထမ်းဖြစ်လာခဲ့ပါတယ်။ အပေါင်းအသင်းတွေများလာတယ်။ နယ်ပယ်တွေကျယ်လာတော့ အလွယ်လမ်းလိုက်မလား။ ခက်တဲ့လမ်းသွားမလားရွေးချယ်စရာနှစ်ခုတွေ့လာပါတယ်။
ဆယ်ကျော်သက် မိန်းမပျိုလေးအတွက် အလွယ်လမ်းဆိုတာက ယောက်ျားယူပြီး ယောက်ျားအားကိုးဖို့ပါပဲ။ သူများအားကိုးရင် သူများသဘောကျ နေတတ်ရမယ်လေ။ ကျွန်မ ကိုယ့်သဘောနဲ့ ကိုယ်ပဲနေချင်တာမို့ သူများအားကိုးရမယ့် အလွယ်လမ်းကို စိတ်မဝင်စားခဲ့ဘူး။
ဒီတော့ မိဘနောက်ခံမရှိတဲ့ ကျွန်မအတွက် ခက်တဲ့လမ်းကိုပဲ လျှောက်ရတော့တာပေါ့။ ခက်တဲ့လမ်းကိုလျှောက်ဖို့ ပညာ ဖိနပ်လိုပါတယ်။ ခေတ်နဲ့အညီ အတတ်ပညာ အသိပညာမရှိပဲ ခက်တဲ့လမ်းကို မလျှောက်နိုင်ပါဘူး။ ကိုယ့်အားကိုယ်ကိုးချင်တဲ့ စိတ်ကို လဲပြိုကျစေမယ့် ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုလေကြမ်းကို ကြံ့ကြံ့ခံနိုင်ရပါတယ်။ မျက်ရည်ပေါက်ပေါက်ကျရင်း ငါရအောင်လုပ်မယ်စိတ်ကို သွင်းတတ်ရပါတယ်။ ပတ်ဝန်းကျင်ဆိုလို့ ဝေးဝေးတွေ သွားမကြည့်ပါနဲ့နော်။ ကိုယ့်အမေအရင်းကအစ နှိမ်ချတဲ့ အပြောအဆိုတွေ ဆွေမျိုးတွေရဲ့ ပေးရကျွေးရမလား စိုးရိမ်တဲ့ အမူအယာတွေကို အပြုံးမပျက်လက်ခံတတ်အောင် နေနိုင်ရပါတယ်။အရည်အချင်းကို ခိုင်မာအောင်လုပ်ထားရင် ခက်တဲ့လမ်းကို လှေကားထစ်တွေလို တက်နိုင်ဖို့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့က လိုလာပြန်ပါတယ်။ ဘဝတိုးတက်ရေးအတွက် ဘယ်သူတွေကို ပေါင်းကြမလဲ။ အရမ်းချမ်းသာတဲ့ သူဌေးမကြီးတွေအနား မမ၊ မမ သွားကပ်ရမလား။ အရမ်းအောင်မြင်တဲ့ ဆယ်လီကြီးတွေအနား ဓာတ်ပုံတွေအတူတွဲရိုက်ပြီး top fan ဖြစ်အောင် ဖောလိုလုပ်ကြမလား။ နိုင်ငံခြားက ဘွဲ့အများကြီးယူထားတဲ့ ပညာရှင်ကြီးတွေရဲ့ အဆိုအမိန့်တွေကို တသွေမတိမ်းဖတ်ရှုရင်း တခုမကျန်လိုက်လုပ်ရမယ်ထင်ရင် မှားသွားမယ်နော်။
Jetpack Tiled Gallery
ဘဝတိုးတက်ရေးအတွက် ပေါင်းရမယ့်သူတွေက လုပ်ငန်းခွင်က ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ်လက်လှမ်းမှီတဲ့ အသိုင်းအဝိုင်းမိတ်ဆွေတွေ၊ ကိုယ့် ဆိုရှယ် မီဒီယာက အပေါင်းအသင်းတွေအကြားမှာ နာမည်ကောင်းကို တည်ဆောက်ရင်း ဘဝတိုးတက်ရေးလှေကားထစ်ကို တက်လှမ်းရပါတယ်။ သူက ကြိုးစားတယ်။ သူက ထက်မြက်တယ်။ သူက ကတိတည်တယ်။ သူက ရည်မှန်းချက်ကြီးတယ်ဆိုတဲ့ မှတ်ချက်မျိုးတွေက ခက်တဲ့လမ်းကို လျှောက်လှမ်းရာမှာ ထီးတလက်လို အရိပ်ရစေပါတယ်။
ကိုယ့်ကို အကူအညီပေးနိုင်မယ့်သူကို ကိုယ်တိုင်ရွေးချယ်တတ်ရပါတယ်။ ချမ်းသာပြီး နာမည်ကြီးပေမယ့် ကိုယ့်အတွက် ဘယ်နေရာမှ အသုံးမဝင်ပဲ ကိုယ့်ဆီက ဘာလက်ဆောင်ရမလဲ မျှော်နေသူ မမမျိုးတွေအနား ယောင်လို့တောင် သွားမကပ်မိပါစေနဲ့။ အချိန်ကုန် ပိုက်ဆံကုန် ကိုယ့်ဘဝအတွက် လေကလွဲပြီး ဘာမှ အကျိုးမရှိတာသိလာပါလိမ့်မယ်။
မိန်းမလည် ဆိုတဲ့စကားက အပေါ်ယံ နားထောင်ကြည့်ရင် မကောင်းဘူးထင်ရပေမယ့် သူ့နောက်က သိန်းကြွယ် ကိုတော့ လူတိုင်း သဘောကျကြပါတယ်။ မိန်းကလေးဆိုတာ ကိုယ့်အန္တရာယ်ကိုကြိုမြင်ပြီး လိမ္မာပါးနပ်စွာရှောင်ထွက်ဖို့ လည်တဲ့ အသိဥာဏ်ရှိရပါတယ်။ သူတပါးအပေါ် ဖျံကျတာကိုမှ လည်
တယ်ခေါ်တာ မဟုတ်ပါဘူး။ ကိုယ့်အပေါ် ဖျံအကျမခံရဖို့ကလည်း မိန်းမလည် ဖြစ်နေဖို့ လိုအပ်ပါတယ်။
လည်လည်ဝယ်ဝယ်နေတတ်မှ ခက်တဲ့လမ်းကို လျှောက်လို့ရနိုင်ပါတယ်။ ထုံထုံအအ သူများပြောသမျှ ဝေဖန်ပိုင်းခြား အသိဥာဏ်မရှိယုံနေရင်တော့ လွယ်တဲ့လမ်းမှာနေတာက အေးချမ်းပါတယ်။
အများကြိုက်တဲ့ အစိုးရအလုပ်က ထွက်ခဲ့တယ်။ တခါမှ မရောက်ဖူးတဲ့ ဒေသကို စွန့်စားသွားရောက်ရင်း ခက်ခဲတဲ့ ပင်လယ်ပြင်မှာ လုပ်ရတဲ့ လင်းပိုင်လေ့ကျင့်ရေး အလုပ်ကို နေပူပူမှာ လုပ်ခဲ့တယ်။ အဝတ်အစားကို အပေါဆုံးပဲဝတ်တယ်။ အလှအပဆိုတာ စိတ်မဝင်စားနိုင်ပဲ ခက်တဲ့လမ်းကို လျှောက်ရင်း အသက် ၂၀ မှာ ပထမဆုံးကိုယ်ပိုင်တိုက်ခန်းလေးဝယ်နိုင်ခဲ့ပါတယ်။
တက္ကသိုလ်ဘွဲ့ရခဲ့တယ်။ အင်္ဂလိပ်စကားကို နေ့စဉ်သုံးပြောတတ်လာတယ်။ လစာပိုမိုကောင်းတဲ့ အလုပ်တွေကို တက်လှမ်းခဲ့တယ်။ လုပ်ငန်းခွင်မှာ သူများအတွက် ခက်ခဲတဲ့ နေရာတွေကို လက်ခံဖောက်ထွက်ရင်း စိန်ခေါ်ချက်တွေနဲ့ အသားကျလာတဲ့အခါ ခက်လိုက်တာလို့ ငြီးငြူနေကြသူတွေကို ကိုယ်ချင်းစာစိတ်နည်းလာခဲ့ပါတယ်။ ဘဝက ငြီးငြူခွင့်မပေးခဲ့ပဲ နောက်မဆုတ်ပဲ လျှောက်လှမ်းဖို့တခုသာ ရွေးချယ်ခွင့်ရခဲ့ လို့ပါ။
အခုကျွန်မ အသက် ၄၇ နှစ် နိုင်ငံခြားမှာနေနေတဲ့ ကြည်ကြည်ပါ။
အသက် ၁၇ နှစ်ကြည်ကြည်ကို ပြန်ကြည့်မိတိုင်း ကျွန်မ ထိုက်တန်တဲ့ နေရာမှာ ရောက်နေတာကို ကျေနပ်မိပါတယ်။ ကျွန်မအခု လိုအပ်တဲ့အမျိုးသမီးတွေကို လက်တွဲခေါ်ယူနေပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့လမ်းက အရမ်းကြမ်းခဲ့တော့ ကိုယ် လက်တွဲတဲ့အခါ ကော်ဇောနီခင်းပြီး မကြိုဆိုပေးနိုင်တာကိုတော့ နားလည်ပေးပါနော်။ ကျွန်မ ဆီကအလကားဘာရမလဲမျှော်လင့်ချက်နဲ့ လာကပ်ရင်တော့ ဘဝမှာ အလကားရထားတာ ဘာတခုမှမရှိတဲ့ ကျွန်မ ဘာတခုမှ အလကားမပေးတာကို ကြိုသိထားဖို့တော့ လိုပါမယ်နော်။
ဆုကြေး လိုအပ်လား။ ပြိုင်ပွဲဝင်ပါ။
လက်ဆောင်လိုအပ်လား။ comment ရေးပါ။
ချေးငွေ လိုလား။ စည်းကမ်းချက်အတိုင်း လျှောက်လွှာတင်ပါ။
ဝင်ငွေ လိုအပ်လား။ အရည်အချင်းအလိုက် အလုပ်ရှာပါ။
ကံစမ်းမဲနှိုက်ပြီး ပေးတယ်ဆိုတာ ဒီနေရာမှာ မရှိပါ။ ကိုယ့်လိုအပ်ချက်အတွက် ကိုယ့်ဘက်က တခုခု လုပ်ပေးနိုင်သူတွေအတွက်သာ ကျွန်မ လက်တွဲခေါ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။
သူက ကြီးကျယ်လိုက်တာအေ လို့ထင်ရင် ဟုတ်ကဲ့။ ဘဝကို ခြေသုတ်ပုဆိုးလို နေရာက စတင်ခဲ့သူမို့ နှစ်ပေါင်းများစွာကြာတဲ့အခါ အသက် ၁၇ နှစ်အရွယ်ကြည်ကြည်ကို အသက် ၄၇ အရွယ်ကြည်ကြည်က ကြီးကြီးကျယ်ကျယ်ပဲ နေရာပေးထားလို့ပါရှင်။









Mauris ultricies, odio a ultricies blandit, lorem mauris tincidunt tortor, et aliquet enim neque quis turpis. Nunc neque diam, porta ac, accumsan ut, tristique in, nibh. Ut ac justo sit amet dolor ornare cursus.
Integer pretium enim a lectus. Sed mi. In neque. Suspendisse suscipit ipsum in ligula. Integer aliquam rutrum ante. Pellentesque ligula. Duis mauris. Nunc volutpat mi non lorem. Cras eros. Vestibulum vel nisi. Aenean nec nibh sed orci imperdiet tempor.
Suspendisse non dolor at augue consectetur dictum. Aliquam arcu mauris, commodo sed, ultricies elementum, lacinia a, nisl.
Duis molestie quam vehicula dui. Donec nec ligula. Nullam turpis mauris, mollis ut, semper non, imperdiet vitae, nunc. Suspendisse diam diam, rhoncus in, imperdiet eget, iaculis nec, nibh. Proin commodo risus quis velit. Nam sodales massa ut ipsum. Curabitur ipsum.
Lorem ipsum dolor sit amet, consectetur adipiscing elit. Morbi eros libero, condimentum ut, facilisis non, pellentesque ut, enim. Duis tortor. Proin a quam. Phasellus pellentesque volutpat felis. Nulla facilisi. Cras sed sem at neque dapibus ultricies. Aliquam placerat pellentesque metus. Morbi ac dui non nibh pretium lacinia. Curabitur vitae elit quis tellus tincidunt aliquet. Aliquam id ligula vel eros lobortis interdum. Aliquam in mauris. Etiam et turpis. Donec faucibus vulputate arcu.