Travel

Here you can add a short category description.

Travel

မဖြစ်နိုင်တဲ့အရာတွေ ……

ကိုယ်ဖြစ်ချင်တဲ့အတိုင်း ရှင်သန်ခွင့် မရှိခင်မှာ “သည်းခံ ခြင်း”ကို လက်ကိုင်ထားပါ။ ဖြစ်ချင်တာ ဖြစ်လာခွင့်ရတဲ့ တနေ့ သည်းခံခြင်းအကျိုးကို ခံစားရလိမ့်မယ်။ ကိုယ့်ရည်မှန်းချက်တွေ အကောင်အထည်မပေါ်ခင်မှာ “ကြိုးစားအားထုတ်ခြင်း”ကို လက်ကိုင်ထားပါ။ ရည်မှန်းချက် ပြီးမြောက်လာတဲ့ တနေ့ ကြိုးစားခဲ့ခြင်း အကျိုးကို ခံစားရလိမ့်မယ်။ ကိုယ်ချစ်ရတဲ့သူကို ပိုင်ဆိုင်ခွင့်မရခင်မှာ “ ပေးဆပ်ခြင်း” ကို လက်ကိုင်ထားပါ။ အချစ်စစ်နဲ့ မေတ္တာကို နားလည်လာတဲ့တနေ့ ပေးဆပ်ခဲ့ခြင်း အကျိုးကို ခံစားရလိမ့်မယ်။ ဘဝမှာ ဆုံးရှုံးရခြင်းတွေနဲ့ပဲ တွေ့ကြုံနေရတယ်ဆိုရင် အသက်ရှင်မယ် ဆိုတဲ့ ရွေးချယ်မှုကိုသာ ရွေးချယ်ပါ။ အသက်ရှိနေသမျှ အောင်မြင်ရခြင်းအခွင့်အရေးကို ပြန်လည်ရရှိနိုင်ပါတယ်။ ချစ်တဲ့ ကြည်ကြည် #KYIKYI #womenentrepreneurs #womenempowement