ကျွန်မ လှည်းတန်းက မိန်းကလေးအဆောင်တခုရဲ့ စုပေါင်းအခန်းမှာနေပါတယ်။ ပိုင်ဆိုင်တာဆိုလို့ ထမင်းပေါင်းအိုးလေး တလုံးနဲ့ အဝတ်အစားအိတ်လေးတလုံးပါပဲ။ ဆယ်တန်းအောင်ထားတဲ့အရည်အချင်းနဲ့ နိုင်ငံခြားအိပ်မက်အတွက်ရန်ကုန်ကို အခြေချလာတဲ့ကြည်ကြည်ပါ။ အလုပ်လုပ်တယ်။ အားကစားလေ့ကျင့်ခန်းဆင်းတယ်။ ထမင်းပေါင်းအိုးထဲ ထမင်းချက်ရင်းကြက်ဥပါထည့်ပြုတ်ထားတာကိုစားတယ်။ ရန်ကုန်ဘူတာကြီးနားကထမင်းဆိုင်လေးတွေက ကျမရဲ့ဝမ်းတထွာဖြေရှင်းရာနေရာတွေဖြစ်ခဲ့ဖူးပါတယ်။ အားကစားသင်တန်းတက်ခွင့်ရတယ်။ တက္ကသိုလ်ပညာဆည်းပူးခွင့်ရတယ်။ ဝန်ကြီးဌာနအားကစားသမားအဖြစ်ကျောတခင်းစာနေရာလေးနဲ့ လခစားဝန်ထမ်းဖြစ်လာခဲ့ပါတယ်။ အပေါင်းအသင်းတွေများလာတယ်။ နယ်ပယ်တွေကျယ်လာတော့ အလွယ်လမ်းလိုက်မလား။ ခက်တဲ့လမ်းသွားမလားရွေးချယ်စရာနှစ်ခုတွေ့လာပါတယ်။ ဆယ်ကျော်သက် မိန်းမပျိုလေးအတွက် အလွယ်လမ်းဆိုတာက ယောက်ျားယူပြီး ယောက်ျားအားကိုးဖို့ပါပဲ။ သူများအားကိုးရင် သူများသဘောကျ နေတတ်ရမယ်လေ။ ကျွန်မ ကိုယ့်သဘောနဲ့ ကိုယ်ပဲနေချင်တာမို့ သူများအားကိုးရမယ့် အလွယ်လမ်းကို စိတ်မဝင်စားခဲ့ဘူး။ ဒီတော့ မိဘနောက်ခံမရှိတဲ့ ကျွန်မအတွက် ခက်တဲ့လမ်းကိုပဲ လျှောက်ရတော့တာပေါ့။ ခက်တဲ့လမ်းကိုလျှောက်ဖို့ ပညာ ဖိနပ်လိုပါတယ်။ ခေတ်နဲ့အညီ အတတ်ပညာ အသိပညာမရှိပဲ […]
Trends
Here you can add a short category description.
